相談窓口
  • FOREIGNER
တိုင်ပင်ဆွေးနွေးရေးကောင်တာ (ဂျပန်နိင်ငံအတွင်းနေထိုင်သူများအတွက်)
For foreign residents of Japan

  • TOP>
  • တိုင်ပင်ဆွေးနွေးရေးကောင်တာ (ဂျပန်နိင်ငံအတွင်းနေထိုင်သူများအတွက်)For foreign residents of Japan

"ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအောက်ရှိတိုင်ပင်ဆွေးနွေးရေးကောင်တာလုပ်ငန်းနှင့်စပ်လျဉ်း၍"
○နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များအတွက််တိုင်ပင်ဆွေးနွေးရေးကောင်တာနှင့်စပ်လျဉ်း၍
လက်ရှိတွင်မျက်နှာချင်းဆိုငတိုင်ပင်ဆွေးနွေးရေးကောင်တာနှင့်တယ်လီဖုန်တိုင်ပင်ဆွေးနွေးရေးကောင်တာနှစ်ခုစလုံးသည်ပုံမှန်အတိုင်းလည်ပတ်နေပါသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်် ကူးစက်ပျံ့ပွားမှုကြောင့် တိုင်ပင်ဆွေးနွေးရေးကောင်တာလုပ်ဆောင်မှုများတွင် အခြေအနေအလိုက်ပြောင်းလဲမှုများရှိသည်။

ခြုံငုံသုံးသပ်ချက်

စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှု၀န်ကြီးဌာနသည်၊ စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင်၊"နံပါတ်(၁) နည်းပညာကျွမ်းကျင်နိုင်ငံခြားသား"(အောက်တွင် "နည်းပညာကျွမ်းကျင်နိုင်ငံခြားသား" ဟုခေါ်မည်။) လက်ခံရေးစနစ်ကို လုပ်ဆောင်နေပါသည်။
ထို့ကြောင့် သက်ဆိုင်ရာနယ်ပယ်၌ နည်းပညာကျွမ်းကျင် နံပါတ်(၁) ၏ နေထိုင်ခွင့်ဗီဇာကိုရယူရန် သို့မဟုတ် ရယူရန်စဉ်းစားနေသောနိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များအတွက်တိုင်ပင်ဆွေးနွေးရေးကောင်တာများကို တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားပါသည်။

နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များအတွက်တိုင်ပင်ဆွေးနွေး
ရေးကောင်တာအကြောင်း

နေ့စဉ်ဘဝတွင်ပံ့ပိုးမှုနှင့် စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် နည်းပညာကျွမ်းကျင်နိုင်ငံခြားသား လူ့စွမ်းအားအရင်းအမြစ်စနစ်နှင့် စပ်လျဉ်းသော မေးမြန်းစုံစမ်းလိုသည်များကို လက်ခံဖြေကြားပေးနေပါသည်။
* လက်ခံမည့်ကုမ္ပဏီသို့မဟုတ်မှတ်ပုံတင်အထောက်အကူပြုအဖွဲ့အစည်းတို့တွင်အထောက်အပံ့အမျိုးမျိုးကိုပံ့ပိုးပေးနေသော နိုင်ငံခြားသား (နည်းပညာကျွမ်းကျင် နံ
ပါတ် ၁ ဖြင့် နေထိုင်မနေသောသူများ) တွင်ဆွေးနွေးရန်ရှိပါက၊"ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက်တိုင်ပင်ဆွေးနွေးရေးကောင်တာ" သို့ ဆက်သွယ်ပါ။

အကိုးအကား